Quantcast
Channel: သက်ဝေ
Viewing all articles
Browse latest Browse all 164

ဟင်းချက်သောနေ့ (၂)

$
0
0
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ်မြဲပါစေ…
ခရီးတိုလေးတခု သွားဖို့ နားရက်အနည်းငယ် ယူထားလို့ လူက အလိုလိုနေရင်း အပျော်ကြီး ပျော်နေပါတယ်…
ဘယ်သွားမှာလဲ ဆိုရင်တော့ တိမ်တိုက်တွေ၊ တောင်တန်းတွေ၊ ပင်လယ်ပြာပြာတွေနဲ့ နီးစပ်ခွင့်ရနိုင်မယ့် နေရာတခု ဆိုပါစို့….

နားရက်တွေထဲက ဒီနေ့ Day (1) အနေနဲ့ အိမ်ရှင်းပါတယ်… ပြီးတော့ ဈေးမသွားပဲ ရေခဲသေတ္တာထဲမှာ ရှိသမျှတွေကို စုစည်းပြီး ဟင်းဖြစ်အောင် ကြံဖန် စီမံပါတယ်။ ပြောရရင် မိဘနှစ်ပါး ရန်ကုန်ပြန်သွားပြီးထဲက အိမ်မှာ ခေါက်ဆွဲပြုတ် တလှည့် ကြက်ဆီထမင်း တလှည့် အပြင်ထွက်စားတာ တလှည့်နဲ့ ဖြစ်သလို စီစဉ် စားသောက်နေရာကနေ ဒီနေ့ မနက်မှာ ဖဘက ဟင်းလျာတွေ ကြည့်၊ ဗစ်ရဲ့ အုန်းနို့ခေါက်ဆွဲကို ကြည့်၊ တီတီဆွိရဲ့ ရခိုင်မုန့်တီတွေ ကျောက်ကျောတွေ ကြည့်အပြီးမှာ လူက အလိုလိုနေရင်း ချက်ချင် ပြုတ်ချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်…။

ဒီလိုနဲ့ ရေခဲသေတ္တာထဲ မွှေလိုက်တဲ့ အခါမှာ ပထမဆုံး ကြိတ်ထားပြီးသား ၀က်သားအကြေတွေ တွေ့ပါတယ်။ ပြီးတော့ မေမေယူလာတဲ့ သေးသေးလှီးထားပြီးသား မျှစ်ချဉ်တချို့ကို တွေ့တော့ အိမ်မှာ အနံ့ နံချင်လည်း နံပါစေတော့လေ ဆိုပြီး ၀က်သားအကြေနဲ့ ခုနက မျှစ်ချဉ်လေးတွေကို ငရုတ်သီး စပ်စပ်နဲ့ ကြော်ပါတယ်…

ကျန်တဲ့ ၀က်သားအကြေတွေကို ကြက်သွန်ုဖြူ ဂျင်းနဲနဲ ကြက်ဥတလုံး Tempura မှုန့်တို့ ရောနယ်ပြီး ၀က်သားလုံး (ပြား) ကြော် ကြော်လိုက်ပါတယ်…။ ပုံထဲမှာ ၀က်သားလုံးကြော်တွေနားမှာ တွေ့ရတဲ့ စိမ်းစိမ်းတွေက ဆလတ်ရွက် တချို့ပါ။ ဓါတ်ပုံထဲမှာ လှအောင် တမင်သက်သက် လှီးထည့်ထားတာပါ...

အသီးအရွက် တခုခု ချက်ဖို့ စဉ်းစားတော့ ဘူးသီးတလုံး တွေ့ပါတယ်…။ ဒါနဲ့ ဘူးသီးကို ကလေး လူကြီးမရွေး သုံးဆောင်နိုင်ဖို့ အဖြူထည် အချိုချက်ကို အိမ်က ပို့ပေးထားတဲ့ ငါးခူမွှေနဲ့ ချက်ပါတယ်။ မျှစ်ချဉ်နံ့ လွှမ်းမိုးနေတဲ့ မီးဖိုချောင်ကို စပါးလင်နံ့နဲ့ ရောနှောသွားစေခြင်း အလို့ငှာ ဘူးသီးဟင်းထဲကို စပါးလင် တချောင်း ထုထည့်လိုက်ပါတယ်…။


ဒီလိုလေး ဆိုတော့ ဟင်းစပ်တည့်တယ်လို့ ထင်ရပါတယ်…။

ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး…
မချက်ရင် အရှင်း ချက်ရင် ရပ်လို့မရတော့တဲ့ အန်တီသက်ဝေဟာ ရေခဲသေတ္တာထဲမှာ ထောပတ်အသစ် တခဲရယ် အုန်းနို့ တထုပ်ရယ် စားပွဲပေါ်မှာ အမှည့်ခံထားတဲ့ ငှက်ပျောသီးတဖီးရယ်ကို တွေ့လိုက်တဲ့အတွက် ခေါင်းထဲမှာ မီးသီးလေး တလုံး လက်ကနဲ လင်းသွားပါတယ်။ အုန်းနို့က အမှန်ဆို အုန်းနို့ကျောက်ကျော လုပ်စားချင်လို့ ၀ယ်ထားတာပါ… အဲဒီအတွက် ကျောက်ကျောအမှုန့်ထုပ်လေးတွေလည်း အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် ကျောက်ကျောထုပ်က အထားခံသေးတယ်… ငှက်ပျောသီးက အထားမခံဘုးလို့ တွေးပြီး ငှက်ပျောသီး ဆနွင်းမကင်း လုပ်ဖို့ ပြင်ပါတော့တယ်…


ပါဝင်တဲ့ပစ္စည်းတွေကတော့ တွေ့တဲ့အတိုင်းပါပဲ... လုပ်ရတာလည်း အရမ်းလွယ်ပါတယ်... အားလုံး ရောနယ်ပြီး ဗန်းကို ထောပတ်သုပ်ပြီး အာဗင်ထဲ ၁၅၀ ဒီကရီနဲ့ တနာရီ ထည့်လိုက်တာပါပဲ...။ ဒီတခါတော့ အိမ်မှာ အဆင်သင့်ရှိနေတဲ့ မွှေး ရွှေကြည်မှုန့် အနည်းငယ်လည်း ထည့်လိုက်ပါတယ်… ဘိန်းစေ့ကတော့ ထည့်ဖို့ မေ့သွားတယ်... ဒါပေမယ့်လည်း စားလို့ တော်တော်လေး ကောင်းပါတယ်…

ဒီလောက်နဲ့တင် အရှိန်သတ်လို့ မရနိုင်သေးတဲ့အတွက် ကျန်နေတဲ့ ထောပတ် တ၀က်နဲ့ Short Bread လို့ ခေါ်တဲ့ နံကထိုင် ဆက်လုပ်ပါတယ်… အာဗင်သုံးတာ မီတာ အတော်တက်တတ်တာမို့ မျက်စောင်းထိုးနေတဲ့ သူ့ကို ရဲရဲဝံ့ဝံကြီး မသိချင်ယောင် ဆောင်ရင်း Short Bread အတွက် ဆက်လက်ပြင်ဆင်ပါတယ်… လုပ်နည်းကတော့ Youtube မှာကြည့်ပါတယ်… Evyဆီကလည်း ကြည့်ပါတယ်… လှလှပပတွေ ပြင်ဖို့ ဆင်ဖို့ စိတ်မရှည်တတ်တဲ့၊ သပ်သပ်ရပ်ရပ်မရှိပဲ ပြီးစလွယ်လုပ်တတ်တဲ့ ထုံးစံအတိုင်း Short Bread လေးတွေဟာ အတို အရှည် အထူ အပါး မညီကြပါဘူး… တွေ့တဲ့အတိုင်းပါပဲ… အမြင်မလှပေမယ့် အရသာကတော့ ထူးထူးခြားခြား ကောင်းမွန်ပါတယ်...


အားလုံး ချက်ပြုတ် ပြီးစီးတော့ ရေချိုး ထမင်းစား လုပ်ထားတဲ့ မုန့်တွေ ဆက်စား…. ပြီးတော့ Download ချစရာ မလိုပဲ တိုက်ရိုက်ကြည့်လို့ရတဲ့ Watch32ကနေ မကြည့်စဖူး ရုပ်ရှင် တကား တိတိ ကို လဖက်တဗူး ဘေးချလို့ ပြီးဆုံးအောင် ကြည့်လိုက်ပါတယ်…။ ရုပ်ရှင်နာမည်က Last Nightပါ… ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးတခုပါပဲ…။ အိမ်ထောင်ရေးမှာ အရေးကြီးတဲ့ သစ္စာတရား နဲ့ ထိန်းချုပ်နိုင်စွမ်းအားကို လှလှပပလေး ပြသွားတဲ့ ဇာတ်ကားလေးပါ…။ ကြည့်ရတာ ချစ်စရာ ကောင်းပါတယ်…။

ရုပ်ရှင်ကြည့်ပြီးတော့ ဒီပိုစ့်ကို ရေးပါတယ်…
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ်မြဲပါစေ… (အလဲ့)




Viewing all articles
Browse latest Browse all 164

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း